မိတ္ထီလာ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘာသာရပ် ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ တက္ကသိုလ်၏ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့သည်။ ၎င်းဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဓာတုဗေဒ၊ ဘူမိဗေဒ၊ သင်္ချာ၊ ရုက္ခဗေဒ၊ အရှေ့တိုင်းပညာ၊ ဒဿနိက၊ သမိုင်း၊ ရူပဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ အင်္ဂလိပ်စာနှင့် ဥပဒေပညာ ဘာသာရပ်များမှ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၂ သင်းပါဝင် ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ