စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါအကြောင်းအရာများ ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အရာထမ်း၊ အမှုထမ်းများက စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်လှလှနွယ်နှင့် အရာထမ်းနှစ်ဦးကလည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြား‌ရေးမှူး၊ ဒေါ်အေးအေးခိုင်နှင့် အရာထမ်းနှစ်ဦးကလည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုနှင့် အရာထမ်းနှစ်ဦးကလည်းကောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြား‌ရေးမှူး၊ ဒေါ်စန္ဒာထွန်းနှင့်အရာထမ်းနှစ်ဦးကလည်းကောင်း စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်းများက အထက်ပါဆွေးနွေး ဖတ်ကြားခဲ့မှုများနှင့်စပ်လျဥ်းပြီး သိရှိလိုသည်များအား မေးခွန်းများမေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်အလိုက် ဆွေးနွေးခဲ့မှုများအား အကဲဖြတ်ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်များအရ ပထမဆုရရှိသည့် ရန်ကုန်အနောက်ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြား‌ရေးမှူးနှင့် အရာထမ်းနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး ဒေါ်ခင်စောလင်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်သူဟိန်း (ပြန်/ဆက်)