လွိုင်လင်မြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

 လွိုင်လင် ဇန်နဝါရီ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လွိုင်လင်-လွိုင်မုံမိုင်းလမ်း ကတ္တရာခင်းခြင်း (၀/၃.၂၂)မိုင်၊ ပင်လုံ-မက္ကန်းလန်းလမ်း ကျောက်ချောလမ်းခင်းခြင်း (၀/၇)မိုင်နှင့် ကောင်းမှုဂုဏ်စေတီမှ ပန်အွတ်ရွာသွားလမ်း ကျောက်ချောလမ်းခင်းခြင်း (၀/၅)မိုင် လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများမှ ယမန်နေ့က  ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးရာ ဌာနမှတာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်ခဲ့ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးမှ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။

လွိုင်လင်မိုး