တပ်ကုန်း ဇန်နဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်အတွင်း အိမ်မွေးဝက်အချို့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဝက်များအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကောင်းစိုးစံနှင့် တာဝန်ရှိသူများက အနော်ရထာရပ်ကွက်တွင် ပျက်စီးဆုံးရှုံးခဲ့သည့် ဝက်များအစား ဝက်ပိုင်ရှင် ၃၆ ဦးအတွက် ဝက်ကောင်ရေ ၇၄ ကောင်အား ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်