မြစ်သားမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၁၈)နှစ်ထက် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြစ်သား ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ(Working Group)ဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင်  အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းနှင့်မဲစာရင်းမှန်ကန်စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှု​​ကြီး​ကြပ်​​ရေး​နှင့်​ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးသည် အဓိကတာဝန်ရှိသူဖြစ်ကြောင်း (Working Group)ကောက်ယူရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံး ပူးပေါင်းပါဝင်ကာ တက်ညီလက်ညီဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ (Woking Group)အတွင်းရေးမှူးကိုယ်စား လဝကဒုတိယဦးစီးမှူးထွန်းနိုင်ဦးမှ လုပ်ငန်းရည်ရွယ်ချက်အကြောင်းအရာများ ရှင်းလင်းခြင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ စာရင်းပြုစုတင်ပြခြင်း၊ စာရင်းထုတ်ပြန်ခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတက်ရောက်လာသူများကလည်း သိရှိလိုသည်များကို အပြန်အလှန်အသီးသီးဆွေးနွေးခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီဝင်အဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်းသိရသည်။

ဝင်းမင်းထွန်း (မြစ်သား)