စလင်း အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ပေါင်းနားရပ်ကွက် မင်းအာကာဘုရားတန်ဆောင်းအတွင်းနှင့် မြို့ပေါ်စုရပ်အသီးသီးတွင် ထိုးနှံခြင်းတိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက စလင်းမြို့ပေါ်ရှစ်ရပ်ကွက်ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို စလင်းမြို့နယ် ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ဇွန်လေးမွန်မှ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာ) ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) စသည့် ကာကွယ်ဆေးများကို စလင်းမြို့နယ်အတွင်းရှိ အသက်တစ်နှစ်အောက် ကလေးငယ်များအား တိုက်ကျွေးဆောင်ရွက်ခြင်းကို စလင်းမြို့ပေါင်းနားရပ်ကွက်ရှိ မင်းအာကာဘုရားတန်ဆောင်းအတွင်း၌ ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့ပေါ်ရှိ ရပ်ကွက်ရှစ်ရက်ကွက်အသီးသီးတို့တွင် နံနက် ၉ နာရီအချိန်မှစတင်ကာ တစ်ပြိုင်နက်ထဲ ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပေါင်းနားရပ်ကွက်နှင့် စာစီကျောင်းရပ်ကွက်တို့မှ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးစုစုပေါင်း (၉၅)ဦး လာရောက်ထိုးနှံကြကြောင်း ဆရာမဒေါ်ဇွန်လေးမွန်ထံမှ သိရသည်။
မောင်လွင်(စလင်း)