ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ဟောပြော

ပျော်ဘွယ် အောက်တိုဘာ ၃

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကိုထိခိုက်မှုမရှိစေဘဲ စာပေလေ့လာဖတ်ရှု တတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာတိုးပွားလာစေရန်၊ အတွေးအခေါ်ရင့်သန်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေနိုင်သဖြင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးကြီးမားပုံတို့ကို ရှင်းလင်း ဆွေးနွေးဟောပြောသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) မြို့နယ်ရုံးတွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)