သံတောင်ကြီးမြို့နယ်တွင် ဒေသထွက်ချဉ်ပေါင်ဖာလာများ ဈေးနှုန်းကျဆင်း

သံတောင်ကြီး အောက်တိုဘာ  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းကို  အဓိကလုပ်ကိုင်လျက်ရှိရာ  ချဉ်ပေါင်ဖာလာပင်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း  တစ်ခုအပါ အဝင်ဖြစ်သည်။ သံတောင်ကြီးဒေသတွင် ဒေသခံပြည်သူများမှာ  အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက် ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခု‌ အောက်တိုဘာလပထမပတ်တွင် ဖာလာဈေးနှုန်း များကျဆင်းလျက်ရှိကြောင်းသိရသည်။

အဆိုပါ   ဖာလာပင်များကိုမိုးတွင်းအချိန် ဇွန်လတွင် စိုက်ပျိုးပြီး () နှစ်ခန့်တွင် အသီးများစတင်သီးကာ  ဩဂုတ်လနောက်ဆုံးပတ်မှအောက်တိုဘာလ အထိဆွတ်ခူးကြသည်။ ဖာလာခြောက်များကို တောင်ငူမြို့ရှိ ဖာလာအဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြပြီး ထိုမှတစ်ဆင့်  တရုတ်နိုင်ငံသို့ တင် ပို့ရောင်းချကြသည်။ ယခုနှစ် ဖာလာစတင်ဆွတ်ခူးသည့် ဩဂုတ်လနောက်ဆံးပတ်တွင်  ဖာလာအခြေက်ပေါက်ဈေး ()ပိဿာလျှင်  ကျပ် (၉၀၀၀)မှ ကျပ်(၁၀၀၀၀)ထိသာရရှိသော်လည်း ယခု အောက်တိုဘာလ ပထမပတ်တွင် ဖာလာခြောက်(ပိဿာလျှင် ကျပ်(၆၅၀၀) မှကျပ် (၇၀၀၀) ထိသာရရှိသည့်အတွက်  ဈေးနှုန်းကျ ဆင်းလျက်ရှိပြီးဈေးကောင်း ပြန်လည်ရရှိရန် ဖာလာစိုက်တောင်သူများမျှော်လင့်လျက်ရှိကြောင်းသိရသည်။

နော်လော်မူ