ရွှေပြည်သာ အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် Online ပုံပြောခြင်းအစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ ကဗျာရွတ်ခြင်များကို online မှ တစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်များပြည်သူ့စာကြည့်တိုက်သို့ လာရောက်မဌားရမ်းနိုင်သည့်ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား mobile စနစ်ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ Mobile စနစ်ဖြင့် စာအုပ်များဌားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းများက ရွှေပြည်သာမြို့နယ်ပညာရေးမှူးရုံးသို့သွားရောက်၍ Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံးအနေဖြင့် အပတ်စဉ်ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)