မုဒုံ အောက်တိုဘာ ၄
မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အိုးများကို နေ့စဉ်မပြတ် အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာဝက်မြို့တိုက်နယ်ဆေးရုံ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် အနီးပတ်ဝန်ကျင်ဒေသများရှိ အောက်ဆီဂျင်လိုအပ်သူများထံသို့ စက်တင်ဘာလအတွင်း(၄၀)လီတာအိုး ကိုယ်ပိုင်အိုးဖြင့် လာရောက်ဖြည့်သည့်သူများနှင့် ပရဟိတအသင်းများထံသို့ စက်ရုံမှငှားယူသည့်အိုးအလုံးရေ စုစုပေါင်း (၁၃၃) အိုးကို စက်ရုံမှ ဖြည့်သွင်းပေးနိုင်ခဲ့သည်။ ယင်းအောက်ဆီဂျင်စက်ရုံမှ လစဉ်(၄၀) လီ တာအိုးအလုံးရေ (၁၃၀)ခန့်ကို လိုအပ်သူများထံသို့ ဖြည့်သွင်းဖြန်ဖြူးပေးလျက်ရှိကြောင်း၊ စက်ရုံလည်ပတ်မှုကိုလည်း အောက်ဆီဂျင်လာရောက် ဖြည့်သွင်းမှုပေါ် မူတည်၍ လိုအပ်သလို စက်လည်ပတ် ဖြည့်သွင်းပေးလျက်ရှိပြီး တစ်နေ့လျှင်(၄၀)လီတာ အိုးအလုံးရေ (၁၅၀)ခန့်အထိကို ဖြည့်သွင်းပေးနိုင်ကြောင်း စက်ရုံမှတာဝန်ရှိသူထံမှ သိရသည်။
သားငယ်(ပြန်/ဆက်)