သဲကုန်း အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့မှ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ကန်တော့၍ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသခြင်းကို ယမန်နေ့က ရပ်ကွက်(၄)တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သက်ကြီးဘိုးဘွားအား ကြက်ဥ၊ ဆား၊ မုန့်နှင့်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေမှူး ဒေါ်အေးအေးမော်က တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်၍ ပေးခဲ့သည်။
မြို့နယ်၊ပြန်/ဆက်