မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ရိုက်ကူးထုတ်လွှင့်

မက်မန်း အောက်တိုဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါဥမ္မာချိုနှင့် မက်မန်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးနိုင်ဦးတို့က ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံတွင်ဆရာများနေ့ စတင်ကျင်းပခဲ့မှုအခြေအနေ၊ ကျေးဇူးရှင် ဆရာ/မများ၏ ဂုဏ်ကျေးဇူးကို တပည့်များအနေဖြင့် လိုက်နာစောင့်ထိန်းရမည့်အချက်များ တပည့်များအပေါ် ဆရာ/မများထားရှိရမည့်စိတ်ဓာတ် ကမ္ဘာ့ဆရာများနေ့နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ်များကို ဆွေးနွေးခဲ့ကြသည်။

မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ် အကြောင်းအရာ ကဏ္ဍာတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါ ဆွေးနွေးပွဲများကို We Love Matman Facebook Page တွင် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)