သတင်းများ

လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 23,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံမှ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ဓာတ်အားပြတ်တောက်ခြင်း လျော့နည်းစေရန် Breaker အသစ်လဲလှယ်တပ်ဆင် ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (၉/၂၀၂၂) လအတွက် ငြိမ်းစားပင်စင်စားများအား ပင်စင်လစာပုံမှန်ထုတ်ပေး
Sep 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလအတွက် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခဲ့ရာ စက်တင်ဘာလ ၂၁ ရက်က ပင်စင်စား (၇၈) ဦးနှင့် စက်တင်ဘာလ (၂၂) ရက်က (၅၆)ဦး၊ (၂) ရက်ပေါင်း အငြိမ်းစားပင်စင်စား (၁၃၄) ဦးအား ပင်စင်လစာငွေကျပ် (၁၈၃၄၄၅၈၅/၀၃) ကို ထုတ်ပေးနိုင်ခဲ့ပြီး ပင်စင်လစာငွေထုတ်ယူရန် ပင်စင်စားဦးရေ (၄၅၆) ဦးရှိသဖြင့် လစာထုတ်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်Community Centre ခန်းမတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြိုင်ပွဲများ ကျင်းပ
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား/သူများ သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ဆောင်ရန်များအား သိရှိ စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ သဘာ၀ဘေး အန္တရာယ်နှင့် ပတ်သက်သော အသိပညာပေး ပြိုင်ပွဲများကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက်၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက်၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းစာသင်တိုက်ရှိ သူရိန္ဒာရာမဓမ္မဗိမာန်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများနှင့် တွေ့‌ဆုံဆွေးနွေး
Sep 23,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က Contract Farming အကျိုးတူလယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။
­­­­မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၀) ကျော်အား စားသောက်ကုန်များထောက်ပံ့
Sep 23,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၀)ကျော်အတွက် အခြေခံစားသောက်ကုန် (၆)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်း များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
ကျောက်ကြီးမြို့နယ်၌ တိုက်ပွဲရှောင်လာရောက်နေသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မြို့ပေါ်ရပ်ကွက်များသို့ တိုက်ပွဲရှောင်လာရောက်နေသူများအား ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးရပ်ကွက်၊ မြို့တွင်းဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံနှင့် သိမ်တန်းရပ်ကွက်က သစ်ဝိုင်းဓမ္မရိပ်သာဓမ္မာရုံတို့တွင် စုရပ်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။