သတင်းများ

ဝေါမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား Mobile Library စနစ်ဖြင့် ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီအချိန် က Mobile library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ပေးခြင်းကို ဆောင်ရွက်ကြသည်။
ထန်းတပင်မြို့နယ်၌ နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 22,2022
ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း က နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ယင်းတင်ကျေးရွာနှင့် ရေပေါ်သောင်ကျေးရွာ (၂)ရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဆောင်ရွက်ရန် စီမံကိန်းရန်ပုံငွေပေးအပ်
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရေဖြူကျေးရွာအုပ်စု၊ ယင်းတင်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်း က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးအတွက် အဆိုပါကျေးရွာတွင် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက အမှတ်(၁၄)ရပ်ကွက်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာ ပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်‌၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ် ဆောင်ရွက်
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း က သင်္ဃန်းကျွန်း (စံပြဈေး) ရှေ့တွင် Mask Campaing ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး၊ ထပ်ဆောင်း ကာကွယ်ဆေးများ (၆)လပြည့်ပြီးသူတိုင်း ဆက်လက်ထိုးနှံသွားရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့အတွင်းရှိ‌  ကျေးရွာအုပ်စုများ၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Sep 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့‌ငွေရရှိသည့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ငါ့သရောက်မြို့ အမှတ် (၁) မြောက်ကုန်းရပ်ကွက်ရှိ အင်းဝတောရကျောင်းဆရာတော် ဘန္ဒန္တသောဘနမဟာထေရ်၏ အန္တိမအဂ္ဂိစျာပနပူဇာပွဲ ကျင်းပ
Sep 22,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် သက်တော် ၈၃ ဝါတော် ၆၃ ရှိ အင်းဝတောရ ကျောင်းဆရာတော် ဘန္ဒန္တသောဘနမဟာထေရ်၏ အန္တိမအဂ္ဂိစျာပနပူဇာပွဲကို ယနေ့တွင် အင်းဝတောရကျောင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။