ဝေါ စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်ကာ ယမန်နေ့နံနက် ၁၀ နာရီအချိန် က Mobile library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ပေးခြင်းကို ဆောင်ရွက်ကြသည်။
ထိုသို့ Mobile library စနစ်ဖြင့် စာအုပ်စာစောင်ပြသခြင်းနှင့် ငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေကိုအလွယ် တကူလေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ ဂျာနယ်များစသည့် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို Mobile library စနစ်ဖြင့် ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့ဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား Mobile library စနစ်ဖြင့် စာအုပ် များငှားရမ်းပေးခြင်း၊ ဖတ်ရှု့ပြီးစာအုပ်များ ပြန်လည်သိမ်းခြင်း၊ အသစ်ထပ်မံငှားရမ်း ဖတ်ရှု့နိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် စာငှားအသင်းဝင်ကတ်များကိုလည်း အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)