ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းများ ဖွံဖြိုးတိုးတက်ရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားရေး တွေ့ဆုံဆွေးနွေး

ဒေးဒရဲ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားမှု နည်းစနစ်များ ပိုမိုတိုးတက်လာစေရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်  အခြေခံပညာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးအေးမြင့်က အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင်  ပညာသင်ကြားမှု နည်းစနစ်များ ပိုမိုတိုးတက်လာစေရေး လုပ်ငန်းများ၊ ကျောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် အထက်တန်းကျောင်း များတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး လုပ်ငန်းများကို တွေ့ဆုံမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလှစိုးနှင့် တက်ရောက်လာသော ဆရာ၊ ဆရာမများက ကျောင်းတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခြင်းများကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁၉) ကျောင်းက ကျောင်းအုပ်ကြီး များနှင့် တာဝန်ခံ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း