ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ် ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ဓနုဖြူ စက်တင်ဘာလ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မီးသတ်ဂုံး၊ ကားဂိတ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ် ဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရီးသည်တင်ယာဉ်၊ သုံးဘီးယာဉ်၊ ရေယာဉ်မောင်းနှင်သူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ် စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရန် ယာဉ်မောင်းလိုင်စင်/ ယာဉ်လိုင်စင်ပါရှိရေး၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေရေး၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန် တပ်ဆင်ထားရှိရေး၊ နံပါတ်ပြားတပ်ဆင်ထားရှိရေး၊ ပါဝါအိတ်ဇော များမတပ်ဆင်ရေး၊ ဆိုင်ကယ်စီးလျှင် (၂)ဦးထက်ပို၍ မစီးစေရေး၊ အရက်သေစာ သောက်စား၍ မောင်းနှင့်ခြင်း မပြုစေရေးတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုမရှိသော ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန် အသိပညာပေးပြီးနှာခေါင်စည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)