ကော့ကရိတ်မြို့နယ်ဒေသဖွံဖြိုးရေးလုပ်ငန်း​ဆောင်ရွက်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်သွားရောက်တွေ့ဆုံ

ကော့ာကရိတ် စက်တင်ဘာ ၂၃

ကရင်​​ပြည်နယ်၊ ကော့ာကရိတ်မြို့နယ်  ဒေါဖျာကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင် သည့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်း၍ ဒေသခံပြည်သူ များနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်(၁၀)နာရီချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း  ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်ကျော်ဦးက ဒေသလိုအပ်ချက် ဖွံ့ဖြိုး ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းလာရောက်ရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အဖွဲ့ဝင်များအဖြစ်လိုက်ပါလာကြသည့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန  မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန အစရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းဟောပြော ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသည့်ကျေးရွာပြည်သူများ၏ မေးမြန်းမှုများအပေါ် မြို့နယ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အဖွဲ့တွင်လိုက်ပါ လာကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ လှူဒါန်းခြင်း၊ မြို့နယ် တိုင်းရင်းဆေးမှပြည်သူ(၄၀)ဦးအား ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ပေးခြင်း၊ ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနမှ တက်ရာက်လာသည့်ပြည်သူများကို ကိုဗစ်ရောဂါပိုးရှိမရှိ TcstKit ဖြစ်စစ်ဆေးခြင်းနှင့် ကျောင်းသူကျောင်းသား(၇၀)ဦးအား ကိုဗစ်-၁၉ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စု(၂၀)စု အတွက် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)