ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန် အရှိန်အဟုန်မြှင့်အသိပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

ကျိုက်လတ် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန် အရှိန်အဟုန်မြှင့် အသိပညာပေး Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက (၈)ဖြတ်လမ်းနှင့် မြို့မဈေးအနီး လူစည်ကားရာနေရာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များတပ်ဆင်ရေး၊ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီ ဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ပါက မဖြစ်မနေ (Mask) စနစ်တကျတပ်ဆင် သွားလာကြရန်၊ အပြင်မှ ပြန်လာပါက လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး စသည့်အကြောင်းအရာများအား (HandSpeaker) ဖြင့် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)