ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) နှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံ

ပုဏ္ဏားကျွန်း စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း (Booster Dose)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်းကို  ယနေ့၊ နံနက် ၁၀ နာရီက  ပေါက်တောပြင် (အ.ထ.ကခွဲ)ကျောင်းနှင့် ဆင်သေ(အ.ထ.ကခွဲ) ကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့်များ ရရှိစေရန်ရည်ရွယ်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်သူများနှင့်အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံ ပေးခဲ့သည်။

ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်(အ.ထ.က)၊ လခွဲ(နတ်တောင်)နှင့်အ.ထ.က(ခွဲ) ကျွဲထိုးကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ ခြောက်လပြည့်ပြီးသော အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၅၁)ဦး နှင့်အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အခြေခံပညာကျောင်း(၇)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၄၈၆)ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)