ချောင်းဆုံမြို့နယ်ကလွီ (အ.ထ.က) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့

ချောင်းဆုံ စက်တင်ဘာ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ ဆက်၊ ဘေး/ စီမံ၊ အား/ ကာ)ဌာနနှင့်  ပညာရေးဌာနတို့ပူးပေါင်းပြီး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀)နာရီက ချောင်းဆုံမြို့နယ် ကလွီ (အ.ထ.က) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးကျော်ကျော်အောင်က လူငယ်နှင့်စာဖတ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများကိုလည်းကောင်း၊ (အား/ ကာ) ဌာန ဦးစီးအရာရှိဒေါ်သက်ငုံဖူးကဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ (ဘေး/စီမံ)ဌာန၊ ဦးကျော်ကျော်က သဘာဝဘေးနှင့် ပတ်သက်သည့် ဘေးအမျိုးအစားအကြောင်းအရာများကိုလည်းကောင်း၊ ဟောပြောခဲ့သည်။

ထို့နောက် (အား/ ကာ)ဌာနမှ အားကစားပစ္စည်းများနှင့် (ဘေး/ စီမံ)ဌာနမှ သဘာဝဘေးနှင့် ပတ်သက်ပြိး ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များ ပေးအပ်ရာ တာဝန်ရှိသူကလက်ခံရယူပြီး ကျောင်းသား/ သူများအား အဆိုပါအဖွဲ့မှ မေးခွန်းအမေး/ ဖြေများမေးမြန်းခြင်း၊ ပညာပေးနံရံကပ် စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ကျောင်းသား/ သူ (၁၆၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်

ချောင်းဆုံ(ပြန်/ဆက်)