ကျောက်တံတားမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် T-Shirt ၊ Maskနှင့် နှိုးဆော်စတစ်ကာများ ဖြန့်ဝေခြင်းကိုကြည့်ရှုအားပေး  

ကျောက်တံတား   စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ရန်ကုန်မြို့အတွင်း  ခရီးသွားပြည်သူများသွားလာမှု အများဆုံးနေရာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် အသိပညာ‌ပေးစာတမ်းများပါသည့် T-Shirt၊ Mask နှင့် နှိုးဆော်စတစ်ကာများကို ယမန်နေ့နံနက်(၁၁)နာရီက  ကျောက်တံတားမြို့နယ်၏ လူစည်ကားရာနေရာများဖြစ်သည့်  မြို့တော်ခန်းမ(ဘတ်စ်ကားမှတ်တိုင်)များတွင် YBS ကားများကို နှိုးဆော်စတစ်ကာများကပ်ခြင်း၊ ယာဉ်မောင်းများကို T-Shirt များဖြန့်ဝေခြင်းနှင့် ခရီးသွားပြည်သူများကို( Mask ) နှာခေါင်းစည်းများဖြန့်‌ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ T-Shirt၊ Mask နှင့် နှိုးဆော်စာများဖြန်ဝေသည့်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကိုယ်တိုင်လာရောက်၍ ကြည့်ရှုအားပေးခဲ့ပြီး အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲဝင်များ ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုဖြန့်‌ဝေသည့် T-Shirt နောက်ကျောတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုကာကွယ်ရန် Stop Covid-19 စာတမ်းအပါအ၀င် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ စာသားများရေးသားထားပြီး အဆိုပါ T-Shirt များကို ယာဉ်မောင်းများအနေဖြင့် ရက်သတ္တတစ်ပတ်ကြာ ၀တ်ဆင်မောင်းနှင်ကြရမှာဖြစ်ပြီး ခရီးသွားပြည်သူများကို Mask များဝေငှပြီး ကိုယ်တိုင်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ယခုလိုဆောင်ရွက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိလူစည်ကားရာဘတ်စ်ကားမှတ်တိုင်များတွင်(၁၉-၉-၂၀၂၂)ရက်နေ့မှ (၂၃-၉-၂၀၂၂)ရက်နေ့အထိ အလှည့်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)