ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ဗိုလ်တထောင် စက်တင်ဘာ ၂၀

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့နံနက်(၁ဝး၀၀)နာရီ၌ အမှတ်(၇)ရပ်ကွက် ကုန်သည်လမ်းရှိ ဈေးဆိုင်များနှင့် ပြည်သူများအား နှာခေါင်းစည်းများ  အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် ဗိုလ်တထောင်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွှန့် ဦးဆောင်၍ အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် ဈေးဆိုင်များ၌ ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးပြီး ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကွယ်ရန် အသိပညာပေးခြင်းနှင့် မက်စ်ဖြန့်ဝေခြင်းကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)