သတင်းများ

ကျုံပျော်မြို့‌ပေါ်နှင့် ကျေးရွာအုပ်စု အသီးသီးတွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်/လမ်းစည်းကမ်းစစ်ဆေးခြင်းများဆောင်ရွက်
Sep 20,2022
ယာဉ်တိုက်မှုကြောင့် နှစ်စဉ်အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ထိုသို့မဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့ အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့‌ပေါ်နှင့် ကျေးရွာ အုပ်စု အသီးသီးတွင် ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်ရှိ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များပေးအပ်
Sep 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ တုံလောကျေးရွာအုပ်စုနှင့် ဝမ်လုံ/ယန်းလွိုင်ကျေးရွာအုပ်စုတို့မှ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်၌ Mobile စနစ်ဖြင့် စာငှားခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် Online ပုံပြောခြင်း အစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ ကဗျာရွတ်ခြင်များကို online မှတဆင့် ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်များ ပြည်သူ့စာကြည့်တိုက်သို့ လာရောက် မငှားရမ်းနိုင်သည့် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား mobile စနစ်ဖြင့် စာအုပ်များ သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်၊
ကံမမြို့ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်း၌ ရေပိတ်ကတ္တရာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်
Sep 20,2022
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းမှ လမ်းများအား ကောင်းမွန်စေရန်  ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်း၌ ရေပိတ်ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ထွန်းက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေနှုန်းဖြင့်  ကျေးလက်နေပြည်သူများလက်ဝယ်အရောက်ဆက်လက်ရောင်းချပေး
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ကျေးလက်နေပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက်  အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍  တရုတ်လှကျေ းရွာ၊ ကော့ကျိုက်ကျေးရွာနှင့် ဝင်းကျန်ကျေးရွာတို့တွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ည‌နေပိုင်းတွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video conferencing စနစ်ဖြင့်တက်ရာက်ကြသည်။
ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၂၀၇၅)ဦးထိုးနှံပြီးဖြစ်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ ကျန်းမာ ရေးဌာနခွဲ ဆေးရုံများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရေး ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီက စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၀၇၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ တိုက်နယ်ဆေးရုံ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၅)နှစ်မှ (၂)လအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၅)နှစ်မှ (၂)လအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက  တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။