ဘားအံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးလက်နေပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍ တရုတ်လှကျေးရွာ၊ ကော့ကျိုက်ကျေးရွာနှင့် ဝင်းကျန်ကျေးရွာတို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖမျာ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-ဖြင့် ဆန် (၂၀)အိတ်၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/-နှုန်းဖြင့် ကြက်ဥကတ် (၃၀)ကတ် ဆီတစ်ဗူးလျှင် ငွေကျပ် ၂၈၀၀/- နှုန်းဖြင့် ဆီ(၁၀)ဖာတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များအား ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ပြီး ဘားအံမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)