ကံမ စက်တင်ဘာ ၂၀
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းမှ လမ်းများအား ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်း၌ ရေပိတ်ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ထွန်းက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆောင်ရွက်နေသည့် ရေပိတ်ကတ္တရာလောင်းခြင်းလုပ်ငန်းမှာ အရှည် ၁၁၀၀ ပေ၊ အနံ ၁၈ ပေအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ်(၉၅)သိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှ သိရသည်။
ကျော်ဇေယျဝင်း (ပြန်/ ဆက်)