မိုင်းကိုင်မြို့နယ်ရှိ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များပေးအပ်

မိုင်းကိုင် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ တုံလောကျေးရွာအုပ်စုနှင့် ဝမ်လုံ/ယန်းလွိုင်ကျေးရွာအုပ်စုတို့မှ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက တုံလောကျေးရွာအုပ်စုနှင့် ဝမ်လုံ/ယန်းလွိုင်ကျေးရွာအုပ်စု ကွန်နားကွင်း၊ နမ့်တောက်ကွင်း၊ ဖိုင်မန်တော၊ ဖောင်းမိန်းရွာမ၊ ဖောင်းမိန်းမြောက်ကွင်းများရှိ တောင်သူ လယ်သမား ၁၁၃ ဦး၊ ဦးပိုင် ၁၂၁ ဦး၊ ဧရိယာ (၄၈၆.၅၂) ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်