သတင်းများ

အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မစျေးကြီးတွင် စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်း( ၃၀၀၀)ခု အခမဲ့ဖြန့်ဝေ
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်း( ၃၀၀၀)ခု အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန် မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ အင်းစိန်မြို့မဈေးကြီးတွင် ဖြန့်ဝေခဲ့သည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ                                          
Sep 20,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း
Sep 20,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း
Sep 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့အမှတ် (၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြသည်။
ဒေးဒရဲမြို့၌ ဧည့်မထဆန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း မြို့နယ် အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် စားသောက်ရေး အဆင်ပြေ စေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များ ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှု ကို ယနေ့ နံနက် (၇)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူများက ပြည်သူများအလွယ်တကူနှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ကွင်းဆင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးစပါးစိုက်တောင်သူများ စပါးပေါ်ချိန် ယခင်နှစ်ကထက်ပို၍ ဈေးကောင်းရရှိ
Sep 20,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ သက်ငယ်မိုးစပါးစိုက်တောင်သူများ စက်တင်ဘာလ စပါးရိတ်သိမ်းချိန် ယခင်နှစ်ကထက် ပို၍ဈေးကောင်း ရရှိလျက်ရှိကြောင်း ထောက်ကြံ့တောကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။
တနိုင်းမြို့နယ်၌ ပြည်သူများနှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 20,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံလမ်းမနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။