ရွှေပြည်သာ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် Online ပုံပြောခြင်း အစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ ကဗျာရွတ်ခြင်များကို online မှတဆင့် ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်များ ပြည်သူ့စာကြည့်တိုက်သို့ လာရောက် မငှားရမ်းနိုင်သည့် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား mobile စနစ်ဖြင့် စာအုပ်များ သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်၊
ထိုသို့ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက ရွှေပြည်သာမြို့နယ် သမဝါယမဦးစီးဌာနနှင့် စီမံကိန်းဦးစီးဌာနများသို့ သွားရောက်၍ Mobie စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံးအနေဖြင့် အပတ်စဉ် ဌာနဆိုင်ရာ ရုံးများသို့ သွားရောက် ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း