သတင်းများ

မိုးစပါးဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Sep 20,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးစပါးအတွက် ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့ အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ
Sep 20,2022
တောင်သာမြို့ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် နေကြာစံပြကွက် စိုက်ပျိုးမည့် မြေနေရာအား ကွင်းဆင်းစစ်ဆေး
Sep 20,2022
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများစသည့် ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့အဝင် နားဖျိုင်းကျေးရွာရှိ တောင်သူ (၅) ဦးပိုင် စိုက်ပျိုးမြေ ၁၀ ဧကရှိ နေကြာစံပြကွက်စိုက်ပျိုးမည့် မြေနေရာအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများနှင့် ပရဟိတအဖွဲ့များ တက်ရောက်သည်။
သာစည်မြို့နယ်တွင် မိုးစပါး Rs-Cs မျိုးစေ့ထုတ်စိုက်ခင်း နည်းပညာပေးခြင်းနှင့် စုပေါင်းမြေဩဇာကြဲပက်ပွဲပြုလုပ်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးရာသီတွင် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိစေရန် မျိုးသန့်စိုက်ခင်းများစိုက်ပျိုးလျက်ရှိရာစိုက်ပျိုးပြီးသော စိုက်ခင်းများကို ဓာတ်မြေဩဇာအချိန်ကိုက်အချိုးညီ သုံးစွဲတတ်စေရန်နှင့် အလေအလွင့်နည်းပါးစေရန် နည်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက  မင်းလှကျေးရွာအုပ်စု ကွင်း အမှတ် ၁၈၄၂   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   ဝန်ထမ်းသက်သာ မနောသုခမျိုးစေ့ထုတ် စိုက်ခင်း ၄ ဧက၌ နည်းပညာပေးခြင်းနှင့်စုပေါင်းမြေဩဇာကြဲပက်ခြင်း ပြုလုပ်ကြောင်း သိရ သည်။
မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော
Sep 20,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်း သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာ ဗဟုသု တတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်များကိုသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အထက (၃)မြိတ် ပညာရတနာခန်းမတွင် ယနေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ လမ်းမတော်လမ်း၊ မြို့ဝင် လမ်းထိပ်နှင့် ပန်းရံစုလမ်းထိပ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် ပြန်/ဆက်ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။