မင်္ဂလာဒုံ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့က ဆေးတက္ကသိုလ် ၂ မှ ကျောင်းသား/သူများ လာရောက်လေ့လာကြသည်။
ထိုသို့ လာရောက်လေ့လာသည့် ကျောင်းသား/သူများအား မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာမှ ဆေးကျောင်းသား/သူများအား အဖွင့်အမှာစကားပြောကြား၍ Motivation of Township Public Health Team to an effective synchronized Team နှင့်ပတ်သက်၍ သင်ကြားခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းပြခြင်း၊ ကျောင်းသား/သူ ၅၂ ဦးအား အဖွဲ့ ၆ ဖွဲ့ ခွဲ၍ ဒေါ်နေခြည်လင်း (ဦးစီး/ရှိ) မှ စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ်အကြောင်း၊ ဦးမင်းမာန်ဇာ (ဦးစီး/ရှိ) ကူးစက်/မကူးစက်ရောဂါများအကြောင်း၊ ဒေါ်နန္ဒာအောင် (ကျန်းမာရေးမှူး ၂) ဖွား/သေအကြောင်း၊ UHC Functions အကြောင်း၊ ဦးအောင်ဝင်း (ကျန်းမာရေးမှူး ၃) မှ တိုးချဲ့ကာကွယ်ဆေးထိုးနှင့် ကာကွယ်ဆေးသိုလှောင်သိမ်းဆည်းခြင်းအကြောင်း၊ ဒေါ်ယဉ်နွယ်သိန်း (အမျိုးသမီးကျန်းမာရေးဆရာမ) တီဘီရောဂါများအကြောင်းနှင့် ပတ်သက်၍ စာပေသင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)