ရမည်းသင်း ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တို့နှင့်ပူးပေါင်း၍ ၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ကဗျာပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုပေးပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ အသိပညာပေးဟောပြောခဲ့ပြီး ပြိုင်ပွဲကို စတင်ကျင်းပခဲ့ရာ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ၁၅ ဦး၊ စိတ်ကြိုက်ကဗျာပြိုင်ပွဲတွင် ၁၅ ဦး၊ ဉာဏ်စမ်းပြိုင်ပွဲတွင် ၁၅ဦး စုစုပေါင်း ၄၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့သောကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒါ်နန်းအေးခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်နိုးသူ၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ဆရာမ ဒေါ်သီသီမော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး သုတ/ရသဖြစ်စေမည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟိန်းပြည့်ဇော် (ခရိုင် ပြန်/ဆက်)