စေတုတ္တရာ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းစာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်စိုးက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် အာဇာနည်စိတ်ဓာတ်ခေါင်းစဉ်ဖြင့်ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံများအား ရှင်းလင်းဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)