အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁)ဦးအား လူမှုရေးပင်စင် ငွေများ သွားရောက်ထောက်ပံ့
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်း က အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၂၁) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၃၀၀၀၀/-) ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။