သတင်းများ

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနား ကျင်းပ
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ် အ.ထ.က(ခွဲ)ကျောင်းသို့ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှား ဆောင်ရွက်
Oct 04,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းသို့ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား နယ်အရန်ယူနီဖောင်းများ ခွဲဝေပေးအပ်
Oct 04,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များအားအတွက် နယ်အရန်ယူနီဖောင်းများ ခွဲဝေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနများဖြစ်သော အမှတ် (၃၆)၊ အမှတ်(၄၈)၊ အမှတ်(၅၀) ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများထံသို့ ငါးမျိုးစုံအား ပေးဝေလှူဒါန်း
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေးသက်သာချောင်ချိစေရန် ရည်ရွယ်၍ ဒေသခံကမ်းဝေး၊ ကမ်းနီး၊ ဝယ်/စုဒိုင်လုပ်ငန်းရှင်များမှ ပြည်သူများထံသို့ ငါးမျိုးစုံ ကုန်ချိန်(၈၀) ပိဿာအား ယနေ့ နံနက်(၇)နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေး၌ အခမဲ့ပေးဝေလှူဒါန်းခဲ့ကြောင်း သိရ သည်။
မြောက်ဉက္ကလာပမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ် ကျင်းပ
Oct 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉:၀၀ အချိန်က မြို့နယ်စာရေးဆရာများနှင့် စာပေ ချစ်သူများ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြသည်။
သာကေတမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ညနေ (၄:၀၀)နာရီအချိန် တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။