ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနား ကျင်းပ

ဗဟန်း  အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း (/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့ကြောင်းနှင့် သင်တန်းသားကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းအား  (၂၆--၂၀၂၂)ရက်နေ့မှ (-၁၀-၂၀၂၂)ထိ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသားများ ရိုက်ကူးတည်းဖြတ်ထားသည့် မှတ်တမ်းဓါတ်ပုံများအား တာဝန်ရှိသူများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စန္ဒာမိုး