ပေါက်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Oct 05,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပေါက်မြို့၏မြောက်ဘက်တွင် စီးဆင်းလျက်ရှိသော ပေါက်ချောင်းရေနှင့်မြို့လည်မှ ဖြတ်သန်းစီးဆင်းသော ဆင်ဆာချောင်းနှင့် ကျားသိုက်ချောင်းရေတို့ မြင့်တက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။