ပန်းတောင်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများကို ယနေ့နံနက်(၁၀)နာရီက ပန်းတောင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို စာရင်းအင်းပြုစုပြီး ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများကိုသာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်းကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့သည်။
ထို့နောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)