တောင်တွင်းကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

တောင်တွင်းကြီး အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ညနေက တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးလှသောင်းတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ဒေသခံကျေးလက်နေပြည်သူများ ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် အတိုးနှုန်းသက်သာသော မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံ‌ငွေလွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် ရပ်ကျိုးရွာကျိုး ကြိုးပမ်းအ‌ကောင်အထည်ဖေါ်ဆောင်ရွက်‌ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပင်တိုင်ကျေးရွာ၊ ရွာမနားကျေးရွာ၊ သရက်စုကျေးရွာ၊ ပျဉ်းမကျေးရွာ၊ ကံလှကန်ကျေးရွာ၊ ဆီမီးထွန်းကျေးရွာ၊ ကံဘေးကြီးကျေးရွာ၊ ဝက္ကသေးကျေးရွာ၊ ပရပ်ကြယ်ကျေးရွာ၊ အောင်ခိုင်ကျေးရွာ၊ အောင်းစုကျေးရွာ၊ ဘိုကုန်းကျေးရွာ စုစုပေါင်းကျေးရွာ(၁၂)ရွာတို့မှ တာဝန်ရှိသူများထံ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ စုစုပေါင်းငွေကျပ် သိန်း(၁၆၀၀) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)