ပန်းတောင်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် သတ္တမအကြိမ်မြောက် ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် သန္တိသုခဓမ္မာရုံတွင် အဖွဲ့(၁)ဖြစ်ကြသော ပေါ်တော်မူ(ရှင်ဖြူ)၊ ပညာပါရမီတောင်ရိုးစု၊ မင်းစံကုန်းပျဉ်ကြီး၊အထကဂုံညှင်းတန်း အနန္တဂုဏ်ရည်ရွာသာယာတို့မှလည်းကောင်း၊ နဂါးဓမ္မာရုံတွင် အဖွဲ့(၂)ဖြစ်ကြသော စိတ္တသုခကာရီကုမ္မာရီစွယ်တော်ရွာ၊ သာသနဟိတကာရီ ကြိုးကြာရွာသစ်၊ သစ္စာမဏ္ဍိုင်ကွင်းလှမြို့နယ်ရဲတပ်ဖွဲ့ ဝိသာခါတို့မှလည်းကောင်း၊ ရှင်ကျော်မုနိအာရုံခံတန်ဆောင်းတွင် အဖွဲ့(၃)ဖြစ်ကြသော သုခကာရီစစ်တဝင်းရွာ၊ ညောင်ပင်သာ၊ အသိအလိမ္မာယဉ်ကျေးမှု၊ အထကဂုံညှင်းတန်းတို့မှလည်းကောင်း ရွတ်ဆိုပူဇော်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားနေ့ရက်အား အောက်တိုဘာ ၆ ရက်နေ့တွင် ဆုများအသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်းကို ဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်ထံမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)