ပေါင်းတည်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပေါင်းတည်   အောက်တိုဘာ    ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်အ.ထ.ကကျောင်းပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးမျိုးသန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ ပူးတွဲကြေချက်ကို မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဆဲပွယ်ဖောက ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)