သတင်းများ

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် နေကြာသီးနှံစိုက်ဧက ပြည့်မီရေး နေကြာမျိုးစေ့များ လွှဲပြောင်းပေးအပ်ပွဲနှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ
Oct 07,2022
ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် နေကြာသီးနှံစိုက်ဧက ပြည့်မီရေးအတွက် နေကြာမျိုးစေ့များ လွှဲပြောင်းပေးအပ်ပွဲနှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်၌ အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တန့်ယန်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ‌ရောင်းချပေးခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၇ နာရီက အမှတ်(၃)ရပ်ကွက် စျေးအနီး၌ ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာဒုတ်ဆွမ်းအလှူပွဲများကျင်းပ
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်များကို မဟာဒုတ်ဆွမ်းအလှူရှင်များကပင့်ဖိတ်ကာ မဟာဒုတ်ဆွမ်းအလှူပွဲများကို အောက်တိုဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ (World Teachers Day) အထိမ်း အမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့၊ အထက -၂ ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်ပြောကြား
Oct 07,2022
ပြည်နယ်အတွင်းရှိ လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ ်ဦးစောမြင့်ဦးက အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ကာယ၊ ဉာဏ၊ စွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 07,2022
မကြာမှီ သီတင်းကျွတ်ကာလ ရောက်ရှိတော့မှာဖြစ်သည့်အတွက် ကျောင်းသား/သူများအနေဖြင့် မိမိတို့အိမ်တွင် မီးပုံးလေးများချိတ်ဆွဲတက်စေရန်၊ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယစွည်းရည်တိုးတက်မြင့်မားလာပြီး
မိုးညှင်းမြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများမှာ ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်
Oct 07,2022
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနှစ်ရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်း က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြရာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ပဲခူးမြို့တွင် ကျင်းပ
Oct 07,2022
"ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများက အစပြု"ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။