ငပုတောမြို့၌ စိုက်တိုးမြှင့်အဖွဲ့ဝင်များ ပမ္မဝတီကျေးရွာရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Oct 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စိုက်တိုးမြှင့် အဖွဲ့နှင့် ပမ္မဝတီကျေးရွာရှိ ဒေသခံတောင်သူ များ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပမ္မဝတီဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စခန်းမှူး ဦးတင်မောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်နှင့် ဒေသခံတောင်သူ(၇၄)ဦး တက်ရောက်ခဲ့ကြသည်။