မိုးညှင်း အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနှစ်ရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်း က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြရာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများက ညောင်ကုန်းကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်း၊ အမြှင့်တင်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေ မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းတွင် ညောင်ကုန်းကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေတားတမံနှင့် ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းကို ခေတ်ပြိုင်ဇူးကုမ္ပဏီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၄၄ ဒသမ ၂၀၀ သန်းဖြင့်လည်းကောင်း၊ သာယာကုန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ အမြှင့်တင်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ကချင်ဧရာကုမ္ပဏီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅ ဒသမ ၈၅၀ သန်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများမှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။
ရွှေမိုးညှင်း