သုံးခွ အောက်တိုဘာ ၇
မကြာမှီ သီတင်းကျွတ်ကာလ ရောက်ရှိတော့မှာဖြစ်သည့်အတွက် ကျောင်းသား/သူများအနေဖြင့် မိမိတို့အိမ်တွင် မီးပုံးလေးများချိတ်ဆွဲတက်စေရန်၊ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယစွည်းရည်တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ကာယ၊ ဉာဏ၊ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ခါးလှည့်ကွင်းပြိုင်၊ မီးပုံးပြုလုပ်နည်းပြိုင်ပွဲကို အထက(၂)ကျောင်းမှ ကျောင်းသား/သူလေးများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ခါးလှည့်ကွင်းကစားနည်းကို အဖွဲ့(၃)ဖွဲ့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲဝင် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ ကြောင်းသိရသည်။ ဆက်လက်၍ ကျောင်းသား/သူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများရရှိစေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပကြပြီး အကောင်းဆုံးဆေးရောင်ခြယ်နိုင်သူအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်