ပူတာအိုမြို့၌ အခြေခံသောက်ကုန်များနှင့် ဒေသထွက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Oct 07,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ အခြေခံစားသောက်ကုန်များနှင့် ဒေသထွက်ကုန်ပစ္စည်းများကို သက်သာ သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးနှင့် ပူတာအိုဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သမဝါယမကဏ္ဍမှ တစ်ဖက်တစ်လမ်းအထောက်အကူပြုနိုင်ရေး ရည်ရွယ်၍ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၁) ကိုနီကာဓာတ်ပုံတိုက်ဆိုင်တန်းတွင် ဖွင့်လှစ်ခဲ့သည့် ပူတာအိုမြို့နယ် သမဝါယမ အသင်းစု၏ ဒေသထွက်ကုန်စံပြ အရောင်းဆိုင်တွင် အခြေခံစားသောက်ကုန်များနှင့် ဒေသထွက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။