တန့်ယန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တန့်ယန်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၇ နာရီက အမှတ်(၃)ရပ်ကွက် စျေးအနီး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်ကြသည့် ကြက်သား၊ ကြက်ဥ၊ ကြက်သွန်နီ၊ အာလူး၊ ကြာဇံ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ စသည့် စားသောက်ကုန်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စျေးဝယ်သူများဖြင့် စည်ကားနေကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)