ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ပဲခူးမြို့တွင် ကျင်းပ

ပဲခူး     အောက်တိုဘာ ၇

"ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများက အစပြု"ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာ၊ ဆရာမများက "အာစရိယသခင်ဆရာ"သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သံယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ဖတ်ကြားသည်။ ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူ (၅)ဦးအား တိုင်းဒေသကြီးတရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဒေါ်လွင်လွင်အေးကျော်၊ တိုင်းဒေသကြီးအဆင့် ပထမ၊ ဒုတိယ၊ တတိယရရှိသူ (၁၀)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီး ပညာရေးမှူး၊ ညွှန်ကြားရေးမှူးဦးစိုးလွင်က ဖတ်ကြားပြီး ဆရာ/ဆရာမများက "မြတ်ဆရာ"သီချင်းဖြင့် သီဆို ဖျော်ဖြေကာ တာဝန်ရှိသူများက ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)