သတင်းများ

ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်များအား သတ်မှတ်နှုန်းထားအတိုင်း မောင်းနှင်ရေး ပညာပေးခြင်း ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် စည်းကမ်းပျက်ယာဉ်များ ဦးထုပ်မဆောင်း ဘဲ ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူရန်နှင့် ခရီးသွားယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူများအား မှတ်ပုံတင်စစ်ဆေးခြင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ပုသိမ်-မုံရွာ ကားလမ်းမ မြို့အဝင်တို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ  (၁ ဒဿမ ၀၀)  ပေခန့်ရေကျော်ကျ
Oct 11,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆) နာရီအချိန် တိုင်းထွာချက်အရ (၁ ဒဿမ ၀၀) ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
ကျောင်းကုန်းမြို့၌ ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာ တောင်သူ ဦးအုန်းသိန်း၏ လယ်မြေ၊ ကွင်းအမှတ် ၃၆၂၊ ဦးပိုင်အမှတ် ၁၃/၉၊ စိုက်ဧက(၁၀)ဧက အနက် ၀.၁၀ ဧက၌ ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယ်ဘန်ကောက်ကျေးရွာ ကျောင်းတိုက်တွင် သီတင်းကျွတ်လဆုတ်(၁)ရက်နေ့၌ ကုသိုလ်ဒါနပြုကြသူများဖြင့်စည်ကား
Oct 11,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ဇယ်ဘန်ကောက်ကျေးရွာကျောင်းတိုက်၌ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုများ ကျောင်းတိုက်တွင် ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ် လှူဒါန်းသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇)ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇)ကြိမ်မြောက် မြစိမ် းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်က အဆိုပါ ကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ဆက်သွယ်ကျေးရွာတွင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Oct 11,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဆက်သွယ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်
မင်းလှမြို့၌ ရှေးဦးပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ်
Oct 11,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနမှကြီးမှူး၍ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းကို ယနေ့နံနက် ၈ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင်း ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 11,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာမှ တောင်သူအများစုသည် စိုက်ပျိုးရေးဆိုင်ရာတွင် မိုးရေ၊ မြေအောက်ရေတို့နှင့်စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် မိုးရာသီတွင် ပဲမြစ်ကို အဓိကထား စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။