ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၂)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပ
Oct 10,2022
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ညနေ ၅နာရီတွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် မြတ်စွယ်တော်တိုက်၌ (၁၂)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင်များတက်ရောက်သည်။